Thursday, 28 March 2013

မြစ်ကြီးနား




ထွက်ပေါက်တစ်ပေါက်တည်းနဲ့မြို့
ပြီးတော့
မင်း မနာလို ဝန်တိုစရာ
ဧရာဝတီကို ချစ်သူလမ်းကြားနဲ့ အနိုင်ပိုင်းထားတဲ့မြို့
မုန်းရင် မုန်းမယ်  ချစ်ရင်ချစ်မယ်
စကားသံက ဝဲဝဲ
စိတ်အနှောက်အယှက်ဖြစ်စရာ ချစ်စရာကောင်းလွန်းလို့
မင်းမသိလိုက်ခင်မှာပဲ
အချစ်နဲ့ မြစ်က မင်းကိုဝိုင်းထားလိုက်ပြီ
ရိုးရာမနောတိုင်ကြီးတွေတလူလူတလွင့်လွင့်
ရိုးရာခေါင်ရည်တစ်ခွက်နဲ့
ခင်မင်မှုတွေမီးပျိုးခဲ့တဲ့ဆောင်း
အကြောင်းမညီညွတ်တော့လည်း
ရင်ဘတ်ထဲ မြားစူးသလိုစူးနေတဲ့
ထုတ်ချင်းပေါက် ရထားလမ်းလေးကိုမှ တွယ်မက်မိခဲ့တဲ့
သံယောဇဉ် ခပ်ပျင်းပျင်းမြို့
မီးများမီးနိုင် ရေများရေနိုင်
မြူငွေ့တွေထဲမှာကြားနေတာ
ဂျင်းဖောမယ်လေးရဲ့ သီချင်းလား
မြို့ရဲ့ ရွှေအိုရောင်တေးသွားလား
ဆင်တူရိုးမှားနဲ့မဆိုင်သူတွေရဲ့ကစားပွဲလား
ကြိုးတွေဘယ်လောက်ဖြည်ရမလဲဆိုတာ
ကြိုးချည်ခဲ့သူတွေသာသိကြနိုင်ကောင်းရဲ့
မင်း
ကစားမှာလား နားမှာလား .. မြို့ကလေး..။



လက်ျာလင်းနိုင်
၂၃-၀၅-၂၀၁၀
၀၅း၅၅ မနက်စောပိုင်း

No comments:

Post a Comment