ခွေးလေခွေးလွင့်တွေနဲ့ တိုက်မိတယ်
သစ်ရွက်တွေခဏခဏ
လွတ်ကျတယ်
လေပွေတွေ
ထွေရာလေးပါး တလိမ့်လိမ့် လူးလာခေါက်တုံ့ကာ
ကိုယ်ချင်းစာစိတ်
ကို
မိုးနည်းရေရှားရပ်ဝန်းလိုချူ ချူ ပါအောင် ချူယူရတဲ့အရပ်
နေကနေမဆန်
လကလမဆန်
ရုပ်ဝတ္တုတွေ
သိပ်ဆန်လွန်းတဲ့လမ်း
တစ် နှစ်
သုံး လေး ငါး စတင်ရေတွက်တယ်
တစ်ခုခု
ကျကွဲ သံလား
တစ်ခုခု
ကျကွဲသွားလား
တစ်ခုခု
ကျကွဲနေသလားမရေရာပါ
တစ်ခုခု
ကျကွဲခဲ့သံကိုတော့ စိတ်ကအတိုင်းသားကြားမိရတယ်
ပြန်မဆုံတမ်း
လက်ျာလင်းနိုင်
ညနေ ၄နာရီ
၅မိနစ်
၁၅- ၁၀-
၂၀၁၂