တစ်ဘ၀လုံးဟာ အိပ်မက်ရှည်ကြီးပါကွာလို့တစ်ယောက်ယောက် က လှစ်ကနဲ ကပ်ပြောသွားခဲ့တယ်၊ ရယ်စရာကောင်းတယ်ရုတ်တရက်ထင်ခဲ့ပေမယ့်
မရယ်ပစ်ခဲ့ဘူး၊ အခန်းတံခါးကိုတွန်းဖွင့်ပစ်ခဲ့တယ်၊ သစ်ရွက်တွေ တဖြောဖြော
ကြွေလို့၊ ဒါမှမဟုတ်လည်း ရှပ်တိုက်ရွေ့လျားလို့၊ နေရောင်စူးစူးရရြဲက သစ်ရွက်စိမ်းတွေကို ဆက်တင်မီးလိုထိုးထားတယ်၊ စိမ်း……..လို့၊ မရည်ရွယ်ခဲ့ပေမယ့်
သက်ပြင်းရှည်ကြီးကို ချပစ်ခဲ့တယ်၊
လေအဝှေ့မှာ ကပ်ပါလာတဲ့ ရွက်ခြောက်တွေကို ဘာသိဘာသာ စိတ်နဲ့ တံမြက်စည်းလှဲခဲ့တယ်၊ ခိုင်မာရိုးသားရှင်သန်နေရမယ့်
အချိန်ပိုင်းတွေမှာ လူနာတွေကို အမြဲကူညီနိုင်ခဲ့တာချည်းပဲ လို့ကိုယ့်ကိုယ်ကိုခဏခဏ
မောင်းတင်ခဲ့တယ်၊ စိတ်ကိုစိတ်နဲ့ကုဖို့ဆိုတာ အင်မတန်နုးညံ့သိမ်မွေ့တဲ့ ကစားပွဲပဲ၊